ပေါက်ကရအွန်လိုင်းဆယ်လီတွေကို ဒဲ့ပြောလိုက်တဲ့ ဆောင်းဦးလှိုင်

အခုခေတ်အွန်လိုင်းပေါ်မှာလည်း ဆယ်လီတွေဆိုတာ မှိုလိုပေါက်နေပြီး ပေါက်ကရလုပ်ရပ်တွေနဲ့ လူတွေဆဲတာခံပြီး အဆဲခံရလေနာမည်ကြီးလေ၊ဆယ်လီဖြစ်လေဆိုတာက ဆယ်လီဖြစ်နည်းနိဿရည်း Pattern ကြီးကိုဖြစ်လို့နေတာပါ။ အဆဲခံရတာများပြီးလူသိများနာမည်ကြီးသွားတဲ့အခါ ပွဲတွေတက်ဖို့လာခေါ်တဲ့သူတွေနဲ့ Ambassador ခန့်တဲ့ Brand တွေနဲ့ တကယ့် အနုပညာရှင်တွေနဲ့တန်းတူဆယ်လီဖြစ်သွားတော့တာပါ။ အဲဒီသူတွေကို မီဒီယာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဦးစားပေးလာကြတဲ့အခါ တကယ်တမ်း ရိုးသားကြိုးစားပြီးကိုယ့်လမ်းကိုယ်ဖောက်လျှောက်လှမ်းနေတဲ့ အနုပညာရှင်တွေမှာနစ်နာရတယ်ဆိုတဲ့အသံတွေလည်းထွက်ရှိလာခဲ့ပါတယ်။ပရိသတ်တွေချစ်တဲ့ အဆိုတော်ဆောင်းဦးလှိုင်ကတော့သူ့ရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် အဲဒီပေါ်ပင်ဆယ်လီတွေကို ဒဲ့ပြောလိုက်ပါပြီ။

ဆောင်းဦးလှိုင်က ပြီးခဲ့တဲ့ရက်ကသူ့ရဲ့လူမှုကွန်ယက်မှာ အဆဲခံပြီးဆယ်လီဖြစ်လာတဲ့သူတွေကိုရော အဲဒီလိုနည်းနဲ့ဆယ်လီဖြစ်အောင် ကြိုးစားနေသူတွေကိုရော ဆုံးမတဲ့ စာသားလေးတွေရေးတင်ထားခဲ့ပါတယ်။ ဆောင်းဦးလှိုင်က ဒီနေ့ခေတ်ကြီးဟာ အွန်လိုင်းပေါ်မှာ ပေါက်ကရတွေတင်ပြီး ဆယ်လီဖြစ်ဖို့လွယ်တဲ့ခေတ်ကြီးဖြစ်ကြောင်းနဲ့ ဆယ်လီဖြစ်ဖို့ ကိုယ်ကျင့်သိက္ခာတွေချနင်းပြီး ကဲ့ရဲ့ပြစ်တင်ရှုံ့ချခံပြီး ကြိုးစားမယ့်အစား အနုပညာနဲ့လောကကြီးကို အကျိုးပြုသင့်ကြောင်းရေးထားပါတယ်။

ဆောင်းဦးလှိုင်က သူ့ရဲ့လူမှုကွန်ယက်မှာ အဖြူအမည်းဓာတ်ပုံတစ်ပုံနဲ့အတူ “” ညီလေး…”ပေါက်တတ်ကရတွေ online မှာလုပ်ရင်းနာမယ်ကြီးဖို့လွယ်တဲ့ခေတ်ကြီးဆိုတာလူတိုင်းသိပါတယ်ကွာ…အနုပညာအလုပ်ကိုသိက္ခာရှိရှိနဲ့ နောင်နှစ်ပေါင်းများစွာရပ်တည်နိုင်အောင်ကြိုးစားကြည့်ပါလား…အနုပညာနဲ့လောကကြီးကိုအကျိုးပြုကြည့်ပါလားလူသားတွေကိုအေးမြပါစေသားလူ့ဘဝတွေငြိမ်းချမ်းပါစေသား…ကျင့်ဝတ်သိက္ခာ အရှက်တရားကိုမြေကြီးပေါ်ချနင်းအဆဲပေါင်းများစွာခံရပြီးမှကဲ့ရဲ့ရှုတ်ချအပြစ်တင်ခံပြီးမှနာမယ်ပိုကြီး ဝင်ငွေပိုကောင်းဖို့ရာတော့လူကြီးလူကောင်းတွေ/အနုပညာသမားကောင်းတွေ စဉ်းစားလေ့မရှိပါဖူးဗျာ…ခင်မင်ခဲ့ဖူးသောဆောင်းဦးလှိုင် ၃.၄.၂၀၁၉”လို့ ရေးသားထားပါတယ်။ ပရိသတ်တွေက ဆောင်းဦးလှိုင်ပြောတာကိုထောက်ခံကြောင်းနဲ့ အမြဲတမ်းအားပေးနေတယ်လို့ comment တွေထဲမှာရေးထားခဲ့ကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပေါ်ပင်အွန်လိုင်းဆယ်လီတွေကို ကိုဆောင်းဦးလှိုင်မြင်သလိုပဲမြင်ကြလား။ အဲဒီလိုအွန်လိုင်းဆယ်လီတွေကိုဘာပြောချင်ကြလဲ။ အွန်လိုင်းဆယ်လီတွေထဲမှာ ကိုယ်အားပေးနေတဲ့သူတွေရော ရှိကြလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say