ရုပ်ကို လူမသိပဲ ကျော်ကြားလွန်းခဲ့တဲ့ အနုပညာရှင်များ

1

Eufrat Mai ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ မော်ဒယ်တစ်ဦးပါ။သူမဟာ သူမရဲ့ ရုပ်ကြောင့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် နာမည်ကြီးခဲ့တာမဟုတ်ပဲ သူမရဲ့ အမျိုးသမီးအင်္ဂါကြောင့် နာမည်ကြီးခဲ့ပါတယ်.။လူကြီးကစားစရာ စက်ရုံက သူမရဲ့ ကိုယ်အင်္ဂါဒီဇိုင်းကို ကမ်းလှမ်းပြီး အမျိုးသမီး အင်္ဂါတုတွေ ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါက စပိန်မှာဖြစ်ပါတယ်။အခုတော့ သူမဟာ ရုပ်မပြပေမယ့် တစ်ကမ္ဘာလုံးရဲ့ အားပေးမှုကို ရနေပြီလို့ ပြောလို့ ရပါတယ်။

2

Kimbra Hickey ကိုတော့ လက် မော်ဒယ်လို့ ဆိုပါတယ်။သူမဟာ မျက်နှာနဲ့ ကိုယိလုံး ကိုယ်ပေါက်နဲ့ လုပ်စားသူမဟုတ်ပဲ လက်ကို ပြသကာ လုပ်စားခဲ့သူဖြစ်ပါတယ်။ Twilight ရုပ်ရှင်ဇာတ်ကားမှာ အခွေရဲ့ ကာဗာပုံအတွက် သူမလက်တွေ အသုံးပြုခဲံပါတယ်။ဒီကားဟာ ဒေါ်လာ သန်း 400 လောက်မြတ်ခဲ့ပေမယ့် သူမဟာ အဲ့အတွက် ဒေါ်လာ 300 သာ ရခဲ့ပါတယ်။တခြားသော လက်နဲ့ ပတ်သတ်နဲ့ သရုပ်ဆောင်မှုတွေ ဓာတ်ပုံတွေ သူမရိုက်ကူးသူဖြစ်ပါတယ်။

3

Christopher Hart က ရုပ်ရှင်မင်းသား၊မျက်လှည့်ဆရာဖြစ်ပါတယ်။1991, 1993, နဲ့ 1998 မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ The Addams Family, Addams Family Values နဲ့ Addams Family Reunion တို့မှာ လက်နဲ့သာ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး လူမပါခဲ့ပါဘူး။ဒါတွေဟာ လက်လှည့်ကားတွေဖြစ်ပြီး သူ့ကို လက်လှည့်ဆရာလို့ နာမည်ပေးခဲ့ကြပါတယ်။

4

Susan Bennett ကတော့ Siri တွေရဲ့ နောက်ကွယ်က အသံကို တာဝန်ယူပြီး ပြောကြားခဲ့သူဖြစ်ပါတယ်။သူမအသံကို iPhone 4S မှာ စကြားခဲ့တာဖြစ်ပြီး အခုဆို 8 နှစ်လောက်တိုင်ခဲ့ပါပြီ။လူ သန်း 100 လောက်လဲ သူ့အသံကို နားယဉ်ခဲ့ပေမယ့် သူမဟာ ဘယ်သူလဲတော့ မသိကြပါဘူး။အခုတော့ သူမဟာ ဝန်ဆောင်မှုပိုင်းစတေါမှာ အသံနဲ့ လုပ်စားနေသူဖြစ်ပါတယ်။

5

Marine Jahan ကတော့ အကသမားတဦးဖြစ်ပါတယ်။ဒါပေမယ့် သူ့မျက်နှာကို မြင်ရခဲပါတယ်။သူဟာ ဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ပြီး ကတဲ့ အခန်းနဲ့ မင်းသမီးကို အကအစားထိုးတဲ့ အခန်းတွေမှာ ဝင်ရောက်ရသူဖြစ်ပြီး သူဟာ ဒီလောကထဲကို 1983 ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။သူမဟာ Flashdance ဆိုတဲ့ မြူဆွယ်တဲ့ အကမျိုး ကသူဖြစ်ပါတယ်။

6

Gemma Howorth ကတော့ ခြေနဲ့ လက် မော်ဒယ်ဖြစ်ပြီး သူမဟာ ဒေါက်ဖိနပ်တွေ လက်ဝတ်လက်စားတွေ ကြော်ငြာတဲ့အခါ မင်းသမီးရဲ့ ရုပ်နဲ့ သူမရဲ့ လက်တွေ ခြေတွေကို အစားထိုးခဲံပါတယ်။သူမဟာ ခြေတံလက်တံ လှပြီး ရှည်လို့ သူ့ကို ဒီအလုပ်တွေ အပ်ခဲ့တာဖြစ်ပါတယ်။သူ့မျက်နှာတော့ ဘယ်ကြော်ငြာမှာမှ မပါခဲ့ဖူးပါဘူး

7

Jen Selter ဟာ follower 2.2 သန်းလောက်ရှိပြီး အဲ့ထဲမှာ Rihanna တောင် ပါ ပါသေးတယ်။သူမဟာ အသက် 20 သာ ရှိသေးတာဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်ကို သူမမျက်နှာထက် လူအများဆုံး စိတ်ဝင်စားခံရတာဖြစ်ပါတယ်။သူဟာ Gym မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ နောက်ကျောအလှပုံတွေ တင်ဆက်ခဲ့ပြီး သူမရဲ့ နောက်ပိုင်းအလှဟာ ကြော်ငြာကမ်းလှမ်းခံခဲ့ရပြီး ဝင်ငွေဖြောင့်နေသူဖြစ်ပါတယ်။

8

Don LaFontaine ဟာ 1940 သြဂတ်စ် 26 ရက်မှာ မွေးပြီး 2008 ခုနှစ် စက်တင်ဘာ 1 ရက်မှာ သေဆုံးခဲ့ပါတယ်။သူဟာ အသံသရုပ်ဆောင်ကြီးဖြစ်ပြီး ဖလင် 5000 နဲ့ ကြော်ငြာ သောင်းကျော်ကို အသံသွင်းပေးခဲ့သူဖြစ်ပါတယ်။ဒါတင်မဟုတ်ပါဘူး။ဂိမ်းသံတွေ ကားထဲက အသံတွေနဲ့ အခြားသော ပရိုမိုးရှင်းတွေ အတွက်ပါ အလုပ်လုပ်ခဲ့ပါတယ်။သူ့ကို မိုးကြိုး လည်ချောင်းပိုင်ရှင်လို့ တင်စားခဲ့ပြီး သူ့အသံကို လူတိုင်းရင်းနှီးပေမယ့် သူ့ရုပ်ကို မမြင်ဖူးခဲ့ကြပါဘူး။