တကယ့်ကြောက်စရာဖြစ်ရပ်တွေကို မှီငြမ်းထားတဲ့ ဒဏ္ဍာရီ၅ခု

လူသားစား၊ နှိပ်စက်၊ မဒိန်းကျင့်၊ လူသတ်မှုတွေဆိုတာက ဒီနေ့ခေတ်မှာ ဖြစ်နေပါပြီ။ဒဏ္ဍာရီတွေဆိုတာက လူသားတွေရဲ့အသက်ရင်နေချိန်မှာ တွေ့ကြုံနေရတဲ့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါပဲ။ တချို့တွေက ကျွန်တော်တို့ရဲ့သမိုင်းတွေကို ပြန်သတိပေးနေပါတယ်။ တချို့ကတော့ ကိုယ်ကျင့်တရားကို သင်ပေးတယ်။ တချို့ကတော့ ကျောရိုးစိမ့်အောင် လုပ်နိုင်တယ်။ ရာစုနှစ်များစွာကြာအောင် တည်ရှိနေတဲ့အကောင်းဆုံး ဒဏ္ဍာရီတွေလည်း ရှိနေပါတယ်။

အဲဒီလိုကြောက်လန့်စရာကောင်းတဲ့ ဒဏ္ဍာရီတွေဟာ တကယ့်ဖြစ်ရပ်တွေကို အခြေခံထားပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေရဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေက နှစ်ပေါင်းများစွာကြာတဲ့အခါ ဒဏ္ဍာရီတွေဖြစ်လာတယ်။
ဒီတော့ အဲဒီလိုဒဏ္ဍာရီတွေအများကြီးရှိတဲ့အထဲကမှ အကောင်းဆုံးဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

1 The Pied Piper

Pied Piper ဇာတ်လမ်းလေးကတော့ Hamelin မှာရှိတဲ့ ဂျာမန်ရွာလေးအကြောင်းကို ပြောထားပြီးတော့ ရွာသားတွေဟာ မှော်ပုလွေနဲ့ လူထူးဆန်းတစ်ယောက်ကို ကြွက်ကလေးတွေ မောင်းထုတ်ဖို့ငှားရမ်းပါတယ်။ ဒါပေမယ့်လည်း လုပ်အားခပေးဖို့အတွက် ငြင်းဆန်ခဲ့တာမို့ ပုလွေဆရာဟာ သူတို့ရဲ့ကလေးတွေကို သူ့ရဲ့ပုလွေအသုံးပြုပြီးတော့ တောထဲကိုခေါ်သွားခဲ့ပါတယ်။ ဘယ်တော့မှ မမြင်ကြရတော့ပါဘူး။Pied Piper ရဲ့ အစောပိုင်းတွေ့ရှိမှုကတော့ ၁၃၀၀လောက်ကပါ။ ပုလွေမှုတ်ပြီးတော့ ကလေးတွေကိုခေါ်သွားတဲ့ပုံကို ဖော်ပြထားတဲ့ပြတင်းပေါက်တွေကို တပ်ဆင်ခဲ့ပါတယ်။ ၁၃၈၄ခုနှစ်မှာ “ငါတို့ကလေးတွေထွက်သွားခဲ့တဲ့ နှစ်၁၀၀ပြည့်ပြီ” ဆိုတဲ့ တရားဝင်စာတမ်းထုတ်ခဲ့ပါတယ်။သုတေသီတွေရဲ့ ရှင်းပြချက်တွေလည်း ရှိပါတယ်။ ဒီဖြစ်ရပ်ဟာ တကယ့်ကြေကွဲဖွယ်ဖြစ်ရပ်ကို ဇာတ်လမ်းဆင်ထားခဲ့ပါတယ်။ ဒါဟာ အငတ်ဘေး ဒါမှမဟုတ် ငလျင်ကြောင့် သေသွားတဲ့ကလေးတွေကို လွမ်းဆွတ်ခြင်းလို့ ပြောပါတယ်။“dancing mania” ဆိုတဲ့ ၁၄ရာစုနှစ်လောက်တုန်းက လူတွေကို ထိန်းချုပ်မှုကင်းမဲ့စွာ ကတဲ့ဖြစ်ရပ်လေးကို ညွှန်းကြပါသေးတယ်။ ကလေးတွေကို သီချင်းသမားနဲ့ကခုန်ရင်း မြို့ပြင်ထွက်သွားတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် ဘယ်တော့မှ ကလေးတွေကို မတွေ့ရတော့ပါဘူး။နောက်တစ်ခုကတော့ ကလေးတွေကို လိင်ဆွဲဆောင်မှုတွေလုပ်ခဲ့တယ်လို့လည်း ဖော်ပြကြပါသေးတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ တကယ်ရှိခဲ့တယ်။ ဒါကိုမှ ဇာတ်လမ်းပြန်ဆင်ထားတာကိုတော့ သက်သေပြနိုင်ပါတယ်။ဒါပေမယ့် Hamelin က ကလေးတွေဘာဖြစ်သွားသလဲဆိုတာကို မသိရသေးပါဘူး။

2 Dracula

သွေးစုပ်ကောင်တွေဟာ Bram Stoker ရဲ့ Dracula စာအုပ်ကနေ ဆင်းသက်လာကြတာပါ။ သူဟာ သွေးတွေသောက်သုံးကာ မသေဆုံးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ဒါပေမယ့် Dracula ဟာ Stoker ရဲ့ ဖန်တီးမှုလားဆိုတော့ မဟုတ်ပါဘူး။ အဲဒီဇာတ်ကောင်ဟာ Vlad Dracula ကို အခြေခံပြီးဖြစ်လာခဲ့တာပါ။ ရိုမန်နီးယမ်းဘုရင်ရဲ့ သားဖြစ်သူ Dracula ဟာ Ottomans တွေကို စစ်ပွဲအကြာကြီးဖြစ်ပြီးတော့ တိုက်ခိုက်ခဲ့ရတယ်။ အဲဒီအချိန်မှာ သူ့ရဲ့နာမည်ပြောင် “Vlad the Impaler” ကိုရခဲ့တယ်။ Vlad သေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့သွေးတပ်မက်စိတ်တွေက Stoker အတွက်မှီငြမ်းစရာဖြစ်ခဲ့တယ်။Stoker ဟာ သမိုင်းဝင်အကြောင်းအရာကို ဒဏ္ဍာရီလာ သွေးစုပ်ကောင်နဲ့ပေါင်းစပ်ပြီးတော့ Dracula ဇာတ်ကောင်ကို ဖန်တီးခဲ့တယ်။ ဒါကြောင့် ဒဏ္ဍာရီဟာ ပြိုကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်။လူတစ်ယောက်သေဆုံးသွားတဲ့အချိန်မှာ အရေပြားဟာ သူတို့ရဲ့ဆံပင်၊ ခြေသည်းလက်သည်းတွေကနေ ကျုံ့သွားတယ်။ ဒါကြောင့် မြှုပ်နှံပြီးတဲ့အချိန်မှာ ကြီးထွားနေသလိုဖြစ်သွားတယ်။ သွားတွေကလည်း ပြိုကွဲသွားတဲ့အတွက်ကြောင့် အစွယ်တွေလိုဖြစ်သွားတယ်။ နောက်ဆုံးမှာတော့ ပြိုကွဲမှုကြောင့်ဖြစ်လာတဲ့ ဓါတ်ငွေ့တွေက ကိုယ်ကြီးကို ဖောင်းလာစေတယ်။အလယ်ပိုင်းခေတ် သွေးစုပ်ကောင်အမဲလိုက်သူတွေဟာ ဒီလိုပုံပြောင်းနေတဲ့ အလောင်းကောင်တွေကို တွေ့ကြတယ်။ အဲဒီကနေ ဒဏ္ဍာရီစခဲ့တော့တာပဲ။

3 Hansel And Gretel

Hansel and Gretel ကတော့ အဖေကစွန့်ပစ်လိုက်လို့ တောထဲမှာရောက်နေတဲ့မောင်နှမနှစ်ယောက်က ချိုချဉ်အိမ်လေးကို တွေ့သွားတယ်။ အဲဒီအိမ်က စုန်းမကြီးရဲ့အိမ်ဖြစ်နေတယ်။ Hansel ကို ၀လာအောင် အသေစားခိုင်းတယ်။ ကံကောင်းတာကတော့ Gretel ရဲ့ဖြတ်ထိုးဥာဏ်က စုန်းမကြီးကို သတ်နိုင်ခဲ့တယ်။ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီကို အတော်လေးပုံစံပြောင်းထားပါတယ်။ များသောအားဖြင့် မကျွေးနိုင်တော့တဲ့ကလေးတွေကို တောထဲမှာပစ်ထားတတ်တဲ့အလေ့အထကို ဖော်ပြထားတာပါ။ ဒီအကြောင်းရဲ့ သမိုင်းကြောင်းကို တွေ့ထားပါတယ်။အလယ်ပိုင်းခေတ်မှာ မိသားစုတွေဟာ ငတ်ပြတ်မှုတွေနဲ့ ကြုံရတယ်။ အဲဒီအချိန်မှာ ကလေးတွေဟာ မိသားစုတွေရဲ့ စွန့်ပစ်ခြင်းခံရပါတယ်။ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ပထမကတော့ မိသားစုတွေ အစားအသောက်ချောင်လည်သွားနိုင်မယ်။ ဒုတိယကတော့ တောထဲမှာဖြတ်သန်းသွားလာတဲ့ ခရီးသွားတစ်ယောက်ကတွေ့သွားမယ်ဆိုရင်တော့ သူတို့ကိုမွေးစားလိုက်မယ်ဆိုရင် ကလေးတွေ အသက်ရှင်နိုင်တယ်။Hansel and Gretel ဇာတ်လမ်းလေးက ၁၄ရာစုမှာတွေ့ရတဲ့ အငတ်ဘေးမှာ ဖြစ်ပေါ်ခဲ့တာပါ။ ဥရောပမှာ ကောက်ပဲသီးနှံပျက်စီးတဲ့အတွက်ကြောင့် လူသားစားမှုတွေတောင် ရှိခဲ့ပါတယ်။ဒီဇာတ်လမ်းထဲက စုန်းကတော့ အငတ်ဘေးကြောင့် လူသားစားနေရတဲ့သူတစ်ဦးဖြစ်နိုင်ပါတယ်။ ဒီဒဏ္ဍာရီကို ပုံစံပြောင်းပြီးတော့ စိတ်ဝင်စားစရာဇာတ်လမ်းလေးတွေ ထွက်ပေါ်ခဲ့ပါတယ်။

4 Bloody Mary

ဒဏ္ဍာရီအရဆိုရင်တော့ အမှောင်ခန်းထဲမှာ မှန်ရှေ့ရပ်လိုက်ပြီးတော့ “Bloody Mary” လို့ သုံးခါပြောလိုက်ရင် သရဲပေါ်လာပါတယ်။ နောက်ပိုင်းဘာဆက်ဖြစ်သလဲဆိုတာကတော့ ပြောတဲ့သူတွေအလိုက် ကွဲပြားပါတယ်။ သရဲဟာ သင့်မျက်လုံးတွေကို ဖောက်တာဖြစ်ဖြစ်၊ သွေးသောက်တာဖြစ်ဖြစ် လုပ်ပါတယ်။ သင့်ကိုကျိန်စာတိုက်တာမျိုးတွေလည်း လုပ်တတ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဗားရှင်းအချို့မှာတော့ သူမရဲ့ ကလေးအလောင်း ဘယ်နေရာမှာရှိသလဲဆိုတာကို မေးလို့ရတယ်လို့ ပြောပါတယ်။ ဗားရှင်းအချို့မှာလည်း ဒဏ္ဍာရီရဲ့အစကို အရိပ်အမြွက်လေးတွေ ပြောထားပါတယ်။စခဲ့တာကတော့ အင်္ဂလန်က Mary Tudor ပါပဲ။ Mary က ကက်သလစ်ဘုရင်မတစ်ပါးဖြစ်ပြီးတော့ သူမရဲ့ရက်စက်မှုတွေကြောင့် “Bloody Mary” ဖြစ်ခဲ့ရသူပါ။ Mary ဟာ ကိုယ်ဝန်မှားယွင်းမှု၊ ဖောက်ပြားမှုတွေကြောင့်လည်း နာမည်ကြီးခဲ့သူပါ။ ဒါဆိုရင်တော့ ကလေးသေသွားတဲ့အပိုင်းကို နားလည်မယ်ထင်ပါတယ်။ဒါပေမယ့်လည်း အမှောင်ထဲကမှန်ကိုကြည်ပြီးတော့ Bloody Mary ကို စမ်းဖူးပါသလား။ အရင်တုန်းကလူတွေယုံကြည်တာကတော့ အမှောင်ထဲကမှန်နဲ့ သရဲကိုခေါ်လိုက်မယ်ဆိုရင် သင့်ရဲ့အနာဂတ်ကချစ်သူမျက်နှာ ပေါ်လာမှာပါ။သုတေသီတွေပြောတာကတော့ အမှောင်ခန်းထဲကရောင်ပြန်ကိုစိုက်ကြည့်နေသူဟာ ထင်ယောင်ထင်မှားတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မှန်ဒဏ္ဍာရီတွေဖြစ်လာတာပေါ့။

5 Bluebeard

Bluebeard ဒဏ္ဍာရီကတော့ မိန်းမပျိုလေးကိုလက်ထပ်ပြီးတော့ ရက်ရက်စက်စက်သတ်ခဲ့တဲ့အကြောင်းပါ။ဒါကတော့ လက်တွေ့ဘ၀က King Conomor နဲ့ ဆိုင်ပါတယ်။ King Conomor ဟာ Brittany ကိုအုပ်ချုပ်နေပြီးတော့ ဒီကနေ့အခေါ်ကတော့ ပြင်သစ်ပါ။ သူ့ရဲ့ခေတ်ဟာ ရက်စက်မှုတွေနဲ့ နာမည်ကြီးခဲ့ပြီးတော့ “Conomor the Accursed” လို့ ကျော်ကြားခဲ့ပါတယ်။Conomor ဟာ Brittany ရဲ့ ဒဏ္ဍာရီအတော်များများကို လိုက်လုပ်ခဲ့သူပါ။ Bluebeard အပါအ၀င်ပေါ့။ Conomor ဟာ တစ်နေ့မှာ သူ့ရဲ့သားက အရိုက်အရာကိုလုလိမ့်မယ်ဆိုတဲ့ တဘောင်ကိုကြားခဲ့တယ်။ ဒါကြောင့် ကိုယ်ဝန်ရှိနေတဲ့ သူ့မိန်းမတွေကို သတ်ခဲ့တယ်။ဒါကြောင့် ဒဏ္ဍာရီလေးက ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပြီးတော့ လက်မထပ်ချင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။Conomor ဟာ ဘ၀တစ်လျှောက်လုံးမှာ သတ်ဖြတ်မှုများစွာကို လုပ်ဆောင်ခဲ့ပါတယ်။ အရင်မင်းဆက်ကို သတ်ဖြတ်ခဲ့ပြီးတော့ သူ့မိန်းမကိုလည်း လက်ထပ်ခဲ့ပါတယ်။ သူဟာ သူမကိုသတ်ဖို့လုပ်ခဲ့ပေမယ့် သူမက ထွက်ပြေးနိုင်ခဲ့ပါတယ်။ Conomor ဟာ Tréphine ဆိုတဲ့ အမျိုးသမီးကို လက်ထပ်ခဲ့ပြီးတော့ သူမကိုလည်း သူ့သားနဲ့အတူ သတ်ပစ်ခဲ့ပါတယ်။King Conomor ဟာ သူ့သားရဲ့သတ်ခြင်းကို ခံလိုက်ရပြီးတော့ သူ့ရဲ့လူသတ်မှုတွေကို အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ Bluebeard ထဲမှာတော့ ရှင်သန်နေဆဲပါပဲ။