ရည်းစားရှိခဲ့မယ်ဆိုရင် ပိုပြီးဂရုစိုက်မယ် ပိုပြီးနားလည်ပေးမယ်ဆိုတဲ့ ဟန်နာယူရီ

မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ နာမည်ကြီးလာတဲ့ make up artist ဟန်နာယူရီကတော့ ရည်းစားမရှိတာ ၂နှစ်ကျော်၃နှစ်နားကို ရှိလာပြီဖြစ်ပြီး ရည်းစားရှိလာခဲ့ရင်လည်း ပိုပြီးဂရုစိုက် ပိုပြီးတော့ နားလည်ပေးတော့မယ်ဆိုပြီးတော့ Stun Magazine အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

ဝတ်လေ့ဝတ်ထရှိတဲ့ ဖက်ရှင်ပုံစံနဲ့ ပတ်သက်ပြီးဟန်နာယူရီက” ယိင်းက မိန်းကလေးအရမ်းဆန်တာ မကြိုက်တော့ ယိင်းကို ဂျင်းဘောင်ဘီတစ်ထည်ရယ် ရှပ်အင်္ကျီပွပွ တစ်ထည် အဲ့လိုမျိုးလေးတွေပဲ ဝတ်ဖြစ်ပါတယ်။ ယိင်းက Comfortable ဖြစ်တဲ့ဟာပေါ့နော် ခုန်ပျံကျော်လွှားပေါ့နော် ကိုယ့်အလုပ်နဲ့လည်း အဆင်ပြေအောင်လို့ ဂျင်းဘောင်ဘီရယ် ရှပ်အင်္ကျီပွပွရယ် အဲ့လိုမျိုး ယောက်ျားလေးဆန်ဆန်ကို ပိုကြိုက်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဒီနှစ်သင်္ကြီန်ဘယ်မှာ ရှိမလဲလို့ မေးမြန်းရာ”မသေချာဘူးရှင့် ယိင်းဘန်ကောက်မှာ ရှိဖို့များပါတယ်။”လို့ ပြောခဲ့ပြီး အမြဲတမ်း ပြုံးနေနိုင်တာနဲ့ ပတ်သက်ပြီးတော့လည်း ဟန်နာယူရီက “ယိင်းကတော့ အမြဲတမ်းပေါ့နော် ဘယ်လောက် စိတ်ညစ်ညစ် ဘယ်လောက် စိတ်ဓာတ်ကျပါစေ ယိင်းပြုံးတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက်က ပတ်ဝန်းကျင်မှာ နေထိုင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ကိုယ့်နားကနေ မကောင်းတဲ့ အပူအလောင်တွေကို ယိင်းမကူးစက်စေချင်ဘူး အဲ့တာကြောင့်မို့လို့ ယိင်းကိုယ်တိုင်လည်း ကြိုးစားပြီး စိတ်ညစ်နေလည်း ပြုံးပြီး နေတယ်ဆိုရင် စိတ်ပျော်လာသလို ကိုယ့်ပတ်ဝန်းကျင်မှာ သူအမြဲတမ်းပြုံးနေတာပဲဆိုပြီးတော့ ကောင်းတဲ့အရာတွေကို ကူးစက်စေချင်တယ် အဲ့တာကြောင့်မို့လို့ ယိင်းက ကြိုးစားပြီးတော့ အမြဲတမ်း ပြုံးပျော်နေပါတယ်ရှင်။”လို့ ပြောသွားခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာ “အချစ်ရေးကတော့ ဒီအတိုင်းပါပဲရှင် ချစ်သူ ရှိမယ်ဆိုရင် ယိင်းချစ်သူကို ပိုပြီးတော့ နားလည်နိုင်မယ် ပိုပြီး ဂရုစိုက်နိုင်မယ် ငယ်ငယ်တုန်းကလိုမဟုတ်ဘဲနဲ့ သေချာ အေးတူပူမျှ သေချာလေးချစ်ပေးနိုင်မယ်လို့ ထင်ပါတယ်ရှင်။”လို့ပြောခဲ့ပြီး ပရိသတ်တွေအတွက်လည်း “ပရိသတ်ကြီးကိုလည်း အခုသင်္ကြန်လည်း ရောက်တော့မယ် နှစ်ဟောင်းမှာ မကောင်းတဲ့အရာတွေ မကောင်းတဲ့ ဆိုးညံ့တွေအကုန်လုံး ထားခဲ့ပြီး စိတ်သစ်တွေ သယ်မယ် အောင်မြင်မှုတွေရနိုင်ပါစေ စိတ်နှလုံးချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။”လို့ ပြောသွားခဲ့ပါတယ်။