အာရှနိုင်ငံတွေမှာပဲ ရှိတဲ့ ထူးထူးခြားခြား ကမ္ဘာ့အံဖွယ်​ရာများ

အာရှကို ကမ္ဘာ့အလယ်​မှာ သူမတူ​အောင်​ တမူထူးခြားသက်​ဝင်​​နေ​စေတဲ့ အံ​သြဖွယ်​ရာ​တွေ များစွာရှိ​နေပါတယ်​။ အာရှမှာမှ ထင်​ရှားစွာရှိ​နေတဲ့ ကမ္ဘာ့အံဖွယ်​ရာများကို​ရွေးချယ်​တင်​ဆက်​​ပေးပါရ​စေ။

အင်းဆက်​ပိုး စားတဲ့ Sloth Bear

အင်းဆက်​ပိုး စားတဲ့ Sloth Bear ဝက်​ဝံမျိုး​တွေကို အာရှမှာသာ ​တွေ့ရှိနိုင်​ပါတယ်​။ သစ်​သီး၊ သစ်​ဥသစ်​ဖု​တွေနဲ့ ပျားရည်​၊ အင်းဆက်​ပိုး​ကောင်​​တွေကိုသာ စား​သောက်​ရှင်​သန်​တဲ့ သက်​သတ်​လွတ်​စားဝက်​ဝံမျိုး​တွေဖြစ်​ပါတယ်​။ သိပ်​ချစ်​စရာ​ကောင်းပြီး လူယဉ်​သလိုအာရှမှာသာ​တွေ့နိုင်​​တော့တဲ့ Sloth Bear ​တွေပါ။

ကမ္ဘာ့အရှည်​လျားဆုံး တံတားကြီးရှိရာ

တရုတ်​ပြည်​က Danyang-Kunshan Grand တံတားကြီးဟာ ရှန်​ဟိုင်း နဲ့ နမ်​ဂျင်းကို ဆက်​သွယ်​ထားပြီး ၁၀၂ မိုင်​ရှည်​လျားလို့ ကမ္ဘာ့အရှည်​လျားဆုံး တံတားကြီးအဖြစ်​မှတ်​တမ်းဝင်​ပါတယ်​။ ၄ နှစ်​ကြာအချိ​န်​ယူတည်​​ဆောက်​ခဲ့ရပါတယ်​။

သန့်​စင်​ခန်းပြတိုက်

ကိုရီးယား ရဲ့ ဆိုးလ်​မှာ Suwon Mr. Toilet House ဆိုတဲ့ သန့်​စင်​ခန်း ပြတိုက်​ကြီးရှိ​နေတာကလည်း အာရှကိုထူးခြား​စေပါတယ်​။ မြို့​တော်​ဝန်​​ဟောင်း ဆူဝန်​က တစ်​မြို့လုံးက သန့်​စင်​ခန်းတိုင်းကို သန့်​ရှင်​​ရေးလုပ်​ပြီးအလှဆင်​​စေလိုတဲ့ အဖြစ်​အပျက်​တစ်​ခုရှိခဲ့ပါတယ်​။ သူဆုံးပါးသွားတဲ့အခါ သူ့အိမ်​ကို မြူနီစီပယ်​ထံလှူဒါန်းလို့ ပြတိုက်​ဖြစ်​လာခဲ့ပါတယ်​။

နေရာအနှံ့ မှာ အိပ်​စက်​ကြတဲ့အကျင့်

ဂျပန်​ပြည်​မှာဆို ရုံးတက်​ရုံးဆင်းရထားစီချိန်​​တွေမှာ အခုမြင်​​တွေ့ရတဲ့ အတိုင်း ထိုးအပ်​တတ်​ကြပါတယ်​။ အံ့​အောသင့်​စရာ​တော့မလိုပါဘူး။ တကယ်​အလုပ်​ကြိုးစားတဲ့အမှတ်​သညာအဖြစ်​လူ​တွေက မှတ်​ယူကြတာပါ။ အခုလိုလမ်းခရီးမှာ နာရီဝက်​​လောက်​တစ်​​ရေးတစ်​​မောအိပ်​လိုက်​ရတာလည်း အားပြန်​ပြည့်​​စေတယ်​လို့ လက်​ခံကြပါတယ်​။

သိပ္ပံ​ခေတ်​လွန်​တီထွင်​မှု နဲ့ စက်​ရုပ်​ဟိုတယ်

တိုကျိုမြို့ မှာ ထူးထူးခြားခြားအ​နေနဲ့ Henn-na ဆိုတဲ့ဟိုတယ်​ရှိပါတယ်​။ သူကနည်းပညာမြင့်​စက်​ရုံ​တွေကိုအသုံးပြုပြီး ဝန်​​ဆောင်​မှု​ပေးတဲ့ ဟိုတယ်​ပါ။ က​​လေးငယ်​​တွေအတွက်​ နှစ်​သက်​စရာဖြစ်​​အောင်​ ဒိုင်​နို​ဆောစက်​ရုပ်​ကအစဖန်​တီး​ပေးထားသလို သိပ္ပံနည်းပညာ ​တွေ ခုံမင်​သူ​တွေအတွက်​လည်း အကြိုက်​​တွေ့စရာဖြစ်ေ​စတယ်​။ စက်​ရုပ်​​တွေက ဘာသာစကား မျိုးစုံတတ်​ကျွမ်းလို့ ဆက်​ဆံ​ရေးသိပ်​အဆင်​​ပြေ​စေပါတယ်​။

အဗာတာကမ္ဘာ

တရုတ်​ပြည်​က Zhangjiajie သဘာဝ​တော​တောင်​ပန်းခြံကြီးဟာ Avatar ရုပ်​ရှင်​ထဲကို​ရောက်​သွားသလိုထင်​ရ​အောင်​ကို ထူးခြားဆန်​ကြယ်​တဲ့​ သဘာဝ​အလှအပ​နေရာကြီးအဖြစ်​ ခမ်းနားလှပါတယ်​။ ​တောင်​တက်​မလား၊ ဓာတ်​ဖမ်းမလား၊ စွန့်​စွန့်​စားစား ​လျှောက်​ဒိုးမလား၊ ဘာပဲလုပ်​လုပ်​ တခြားကမ္ဘာတစ်​ခု​ရောက်​​နေရသလိုကို စိတ်​လှုပ်​ရှားမှုအပြည့်​​ပေးစွမ်းပါတယ်​။

အသက်​ရှည်​နုပျိုခြင်းရဲ့လျှို့ဝှက်​ချက်

အာရှသား​တွေက အသက်​ရှည်​နုပျိုပြီး အသက်​ကြီးရင့်​တယ်​လို့ ထင်​ရ​က်စရာမရှိေ​လာက်​​အောင်​ကို နုနယ်​ပျိုမျစ်​ကြပါတယ်​။ မအို​ဆေး​တွေများ ရှိ​နေသလားလို့ အာရှကိုစိတ်​ဝင်​စား​နေကြတာလည်းမမှားပါဘူး​နော့။ Tan ဟာ ဆိုရင်​ အသက်​ ၅၂ နှစ်​အရွယ်​ဆို​ပေမယ့်​ အသက်​၂၀​အရွယ်​လားလို့ မျက်​စိမှားရ​အောင်​ နုနယ်​​နေတာ လက်​​တွေ့ပါပဲ။

ZAW (H2H)