Game of Thrones ရဲ့ Iron Throne ပိုင်ရှင်ကိုပြသွားတဲ့ Video

လာမယ့် ဧပြီလ၁၄ရက် သင်္ကြန်ကျမှာထက်တစ်ခုခုကိုပိုပြီးရင်ခုန်စိတ်လှုပ်ရှားပြီးစောင့်စားနေကြမယ်ထင်ပါတယ်။ အဲ့တာကတော့ ဇာတ်ရှိန်လည်းအလွန်မြင့်နေပြီး နောက်ဆုံးSeasonလည်း ထွက်လာမှာဖြစ်တဲ့ Game Of Throne ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ တချို့ဆိုရင် ပြီးခဲ့တဲ့ Season ၇ ခုလုံးကိုပြန်ကြည့်ပြီး စာမေးပွဲခန်းထဲဝင်ခါနီးကျောင်းသားတစ်ယောက်စာနွေးသလို နွေးထားကြမယ်ဆိုတာကလည်းအသေချာပါပဲ။ ကမ္ဘာအဝှန်းကပရိသတ်တွေအကုန်လုံးကတော့ Fan Theory aတွေအမျိုးမျိုးထုတ်ပြီးခန့်မှန်းနေကြပေမယ့်။ ကိုယ်ထင်သလို ဘယ်တော့မှမဖြစ်လာခဲ့တဲ့ဒီဇာတ်လမ်းဟာ နောက်ဆုံးမှာဘယ်လိုဖြစ်သွားမှာလဲ။

Iron Throne ကိုပိုင်ဆိုင်သွားမယ့်သူက ဘယ်သူလဲဆိုတာကိုသိရဖို့ ၊ Winter is coming ဆိုတဲ့အတိုင်း ဆောင်းဟာ ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အချိန်မှာ ကို Night King နဲ့သူရဲ့တပ်တော်ကြီးဟာဆိုရင် The Wall ကို ဖြတ်ပြီးပင်မနယ်မြေထဲကို ဝင်ရောက်လာနေပါပြီ။ နဂါးကြီးတစ်ကောင်ရထားတဲ့ ကိုNight King ပဲဒီဇာတ်လမ်းမှာနောက်ဆုံးအောင်မြင်သူတစ်ယောက်ဖြစ်သွားပြီ ဇာတ်လမ်းတစ်လျှောက်စကားမပြောဘဲနေလာသမျှအတိုးချပြီးပြောသွားမလားဆိုတာကိုလည်း စိတ်ဝင်စားနေမှာပါ။ ဒါမှမဟုတ် ကွဲပြားခြားနားတဲ့ ခံယူချက်တွေနဲ့ အာဃာတတွေကြားကနေ စုပေါင်းတပ်စုထဲက တစ်ယောက်ယောက်ပဲ Iron Throne ဆိုတာကြီးကိုပိုင်ဆိုင်သွားမလားဆိုတာကလည်း ရင်ခုန်စွာစောင့်စားရမယ့် အရာပါပဲ။

ဒါပေမယ့်အပေါ်ကနေပြောပြလာတဲ့ အရာတွေအားလုံးကိုမေ့ပြီး အောက်Video လေးကိုကြည့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ထင်တာတွေနဲ့အခုလည်းလွဲနေတယ်ဆိုတာကိုသိကြရမှာပါ။ ဘာလို့လဲဆိုတော့ နောက်ဆုံး Iron Throne ရဲ့ပိုင်ရှင်ဟာကျနော်တို့ လုံးဝမျှော်လင့်မထားတဲ့သူတွေဖြစ်နေလို့ပါပဲ။ Video လေးကိုကြည့်ပြီးရင်လည်း လူကြီးမင်းတို့အမြင်လေးတွေကို ပြန်ပြောပြသွားပါ့ဦးနော်။

Samoyed on GOT iron throne

The king of the North, dog on the throneCongrats to barseghyanlusi | IG on becoming our #9GAGFunOff Week 21 winner!

Dikirim oleh 9GAG Cute pada Senin, 01 April 2019