စိတ်ရှုပ်စရာကောင်းပြီး နေချင်စရာမကောင်းတဲ့ အိမ်ပုံစံများ

လူသားတွေအတွက် အကောင်းဆုံး နားခိုလို့ရတဲ့ နေရာကတော့ အိမ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူသားတိုင်းကတော့ ကိုယ်ပိုင်အိမ် ကောင်းကောင်းလေး တလုံးကို လိုချင်ကြပါတယ်။ ကမ္ဘာပေါ်မှာတော့ ပုံစံအမျိုးမျိုး အတွေးအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ ဆောက်လုပ်ထားကြတဲ့ အိမ်တွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုး အိမ်ပုံစံတွေ အများကြီးထဲမှာမှ လူတိုင်းရဲ့ အိပ်မက်ထဲမှာ လိုချင်စရာကောင်းလောက်တဲ့ ခမ်းနားလှတဲ့ အိမ်တွေလည်း ရှိသလို မြင်လိုက်တာနဲ့ စိတ်ရှုပ်သွားပြီး မြင်လိုက်တာနဲ့ နေချင်စရာမကောင်းတဲ့ အိမ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီတခေါက်မှာတော့ ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ မြင်လိုက်တာနဲ့ စိတ်ရှုပ်စရာကောင်းပြီး နေချင်စရာမကောင်းတဲ့ အိမ်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဒီအိမ်ကတော့ ပြင်လွန်းလို့ ကြည့်ရတာ အတော်ရုပ်ဆိုးသွားတဲ့ အိမ်ပါပဲ။ တကယ့်ကျောက်သားတွေနဲ့ မဟုတ်ပဲ ဒီဇိုင်းသပ်သပ်ဆောင်ထားတဲ့ ဒီအိမ်ပုံစံကတော့ ဘယ်သူမှနေချင်မယ်လို့ မထင်ပါဘူး။

၂.ဒီအိမ်ကလည်း ရုတ်တရတ်ကြည့်လိုက်ရင် ကာတွန်းကားတွေထဲမှာပါတဲ့ မှော်ဆရာတွေနေတဲ့ အိမ်ပုံစံနဲ့ကို တူနေပါတယ်။ သင်တို့အနေနဲ့ အိမ်ဆောက်ရင် ဒီလိုစိတ္တဇဆန်ဆန်အိမ်ကိုတော့ မဆောင်ဘူးလို့ ထင်ပါတယ်။

၃.အိမ်ပုံစံကြီးကလည်း ကြည့်လိုက်တာနဲ့ တော်တော်လေးကို မွန်းကြပ်လှတဲ့ အိမ်ပုံစံဆိုတာကို သတိထားမိမှာပါ။ တအိမ်လုံးမှာ ပြတင်းပေါက်တွေမရှိပဲ အမိုးပေါ်မှာသာ လေဝင်ပေါက်လေး သုံးပေါက်လောက်ထားရှိထားတာကတော့ တော့်တော့်ကို ဆိုးတဲ့ အိမ်ဒီဇိုင်းပါပဲ။

၎.ကဲ သင်တို့လည်း အိမ်ဆောက်တော့မယ်ဆိုရင်တော့ ဒီလိုမျိုး တုံးတိကြီးဖြစ်နေတဲ့ အိမ်ပုံစံမျိုးကိုတော့ ဆောက်ကြလိမ့်မယ်လို့ မထင်ပါဘူး။ တော်တော်ကို ဆိုးရွားလွန်းတဲ့ အိမ်ပုံစံပါပဲ။

၅.ဒီအိမ်ကြီးကလည်း ကြည့်လိုက်တာနဲ့ တော်တော်ကို ဆိုးမယ်ဆိုတာကို သိသာပါတယ်။ မသိရင် အိမ်ကြီးက ပျက်ကျထားပြီးစောင်းနေတဲ့ အတိုင်းပါပဲ။ သင်တို့ဆိုရင်ရော ဒီလိုမျိုး အိမ်ပုံစံကို ကြိုက်မလား။

၆.သင်တို့ဒီမှာပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အိမ်တလုံးကိုတော့ သတိထားမိမှာပါ။ အိမ်အဖြူရောင်ကြီး တလုံးကတော့ ညီညီညာညာဆောက်ထားတဲ့အိမ်လေးတွေကြားမှာ တအိမ်ထဲ စောင်းပြီးတော့ အရောင်ကလည်း ကွဲနေပါသေးတယ်။

၇.ဒီအိမ်ပုံစံကလည်း တော်တော်လေးကို ဆိုးရွားတယ်ဆိုတာကို သတိထားမိကြမှာပါ။ အိမ်ရဲ့ပုံစံကတော့ သာမန်အိမ်ပုံစံတွေထက်ကို ကွဲထွက်နေပြီး နှစ်ခြမ်းတောင် ခြမ်းနေပါသေးတယ်။ ညီအစ်ကိုတွေ အမွေခွဲထားတာလားတော့ မသိဘူး။

၈.ဒီလောက်ထိ ရှုပ်ယှက်ခပ်နေတဲ့ အိမ်ပုံစံကိုတော့ သင်တို့အနေနဲ့ တွေ့ဖူးကြမယ်လို့ မထင်ပါဘူး။ အိမ်ရဲ့ မျက်နှာစာကို ရိုးရိုးရှင်းရှင်းလေးနဲ့ လှပအောင် ဆောက်လို့ရပေမယ့်လည်း ဒီလိုမျိုး ရှုပ်နေတဲ့ ဒီဇိုင်းကြီးတွေကတော့ လူတော်တော်များများကို မျက်စိဆံပင်မွှေးစူးစေမှာပါ။