မင်္ဂလာမဆောင်ခဲ့ရတဲ့ခံစားချက်ကိုပြောပြတဲ့ ဝမ်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Rဇာနည်နဲ့ ဇနီးဖြစ်သူ ဝမ်းတို့ဟာ သိပ်မကြာသေးမီကပဲ မင်္ဂလာသက်တမ်း ဆယ့်ငါးနှစ်ပြည့်သွားပြီဖြစ်ပြီး Crystal Anniversary ပွဲလေး ခမ်းနားစွာလုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပြီးဖြစ်ပါတယ်။ ဝမ်းက ချစ်ခင်ပွန်းနဲ့အတူဘဝကိုဖြတ်သန်းခဲ့ပုံတွေနဲ့ ခံစားရတဲ့ခံစားချက်တွေကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။

ဝမ်းက Rဇာနည်နဲ့ ယူခါစတုန်းက မင်္ဂလာမဆောင်ရတဲ့အတွက် အနည်းငယ်ဝမ်းနည်းခဲ့မိကြောင်းကို “အရင် အစ အိမ်ထောင်ကျတုန်းက မင်္ဂလာမဆောင်ခဲ့ရတာကို သြော်.. ငါ တစ်သက်မှာတစ်ခါဆောင်ရတဲ့မင်္ဂလာကို ငါမဆောင်ရဘူးဆိုပြီးတော့ စိတ်မကောင်းဖြစ်ခဲ့တာပေါ့နော်” လို့ ပြောပြထားပြီး ဆယ့်ငါးနှစ်ပြည့်တော့မှ အရင်က မင်္ဂလာမဆောင်ခဲ့ရတာကိုကျေးဇူးတောင်တင်မိကြောင်း “ဆယ့်ငါးနှစ်ပြည့်တော့မှ ဒီလိုပွဲလေးလုပ်ခွင့်ရတယ်။ ပြန်စဉ်းစားမိတော့မှ အရင်တုန်းက မင်္ဂလာမဆောင်ဖြစ်ခဲ့တာကိုကျေးဇူးတောင်တင်မိသေးတယ် ဘာလို့လဲဆိုတော့ မင်္ဂလာစစချင်းဆောင်တယ်ဆိုတာကကွာ ယူလိုက်ပြီဆိုရင် ဆောင်လိုက်လို့ရတယ်။ ဒါလူတိုင်းလုပ်လို့ရတဲ့အလုပ်ပဲ။ ဒါပေမယ့် နှစ်တွေကြာပြီးတော့မှ ပွဲလုပ်ဖို့ဆိုတာက နှစ်ယောက်စလုံးကလည်းချစ်နေဦးမှ မိန်းမကလုပ်ချင်တဲ့ဟာကိုယောက်ျားကလည်းလိုက်လုပ်ပေးဦးမှပေါ့”လို့ ပြောပြထားပါတယ်။

ဆယ့်ငါးနှစ်ပြည့်မှလုပ်တဲ့ပွဲမှာ သားလေးတွေပါ ပွဲထုတ်ခွင့်ရလို့ဝမ်းသာကြောင်းကိုလည်း “ပြီးတော့ ကိုယ့်သားလေးနှစ်ယောက်ပါ ပွဲထွက်ခွင့်ရတာပေါ့နော်။ နှစ်ယောက်တည်းသာဆောင်ရင်တော့ သားတွေမပါဘူးပေါ့ အဲဒီအတွက် အစ်မက ပိုပြီးဝမ်းသာပါတယ်”လို့ ပြောထားပါသေးတယ်။

ဝမ်းက မင်္ဂလာမဆောင်ဖြစ်ခဲ့တဲ့အကြောင်းကို “အစ်မတို့က ခိုးပြေးလိုက်ကြတာဆိုတော့ နောက်တော့မှပဲမင်္ဂလာဆောင်တော့မယ် အေးအေးဆေးဆေးမှပေါ့။ အဲဒီအချိန်က မပြည့်လည်းမပြည့်စုံတာလည်းပါတာပေါ့နော်။ နှစ်ယောက်သားအတူတူရုန်းကန်ကြမယ်ဆိုပြီးနေကြတော့လေ။ မဆောင်ဖြစ်ကြဘူး။ ဆယ်နှစ်ပြည့်ရင်ဆောင်မယ်ဆိုပြီးတော့ ဆယ်နှစ်ကလည်း ခဏလေးနဲ့ ပြည့်သွားတယ်။အဲဒီအချိန်မှာလည်း ရယ်ဒီမဖြစ်သေးဘူး။ ဆယ့်ငါးနှစ်ပြည့်မှပဲလုပ်ဖြစ်တော့တယ်”လို့ ပြန်ပြောင်းပြောပြထားပါတယ်။

ဝမ်းက Rဇာနည် စင်ပေါ်မှာသီချင်းဆိုနေချိန်မှာတောင် နောက်မှာ ပဌာန်းရွတ်ပေးဖြစ်နေတဲ့ အကြောင်းကို “ ဘုရားတရားလုပ်တယ်ဆိုတာကလည်း အစ်မ အရင်ကတည်းကလည်းလုပ်တာပေါ့နော်။ သူ့နောက်ကိုလိုက်တယ်ဆိုရင် ဘာအလုပ်မှလည်းမရှိဘူး အားနေတာဆိုတော့ ဘုရားတရားတွေလုပ်ဖြစ်ပါတယ် ဘုရားစာရွတ်ပါတယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Rဇာနည်နဲ့ ဝမ်းတို့ရဲ့မိသားစုလေးကို ချစ်ကြလား။သားလေးချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်ကိုရော ဖေဖေ့လို အဆိုတော်ကြီးတွေဖြစ်စေချင်ကြလား။ Rဇာနည်ရဲ့အခွေအသစ်ထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြဦးနော်။

Can’t Wait To Say