ရေပုံမှန်ချိုးလို့ အသားတွေဖွေးလာပါတယ်ဆိုတဲ့ ခြိမ့်ကေကို

လက်ရှိအချိန်မှာ Social Media Platform တစ်ခုဖြစ်တဲ့ Facebookတစ်ခွင့်တစ်ပြင်မှာ နည်းနည်းနဲ့ နာမည်ရလာပြီး ပရိသတ်တွေရဲ့ အားပေးမှု ဝေဖန်မှုတို့ကို ခံနေကတဲ့ ခြိမ့်ကေကိုကတော့ ရေပုံမချိုးခဲ့လို့ အသားတွေဖြူလာခဲ့ကြောင်း 8days မီဒီယာရဲ့အင်တာဗျူးတစ်ခုမှာ ထြေဆိုသွားခဲ့ပါတယ်။

အနပညာကြေးတက်သွားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ခြိမ့်ကေကိုက”ကျွန်တော်အနုပညာကြေးအနေနဲ့တော့ ကျွန်တော်သတ်မှတ်ထားပါတယ်။ Customerအပေါ်မူတည်ပြီးတော့ အနုပညာကြေးတောင်းတာပါ အဲ့လိုမျိုး ကန့်သတ်ချက်ရယ်လို့တော့ မရှိပါဘူး။ သူနဲ့ကိုယ်နဲ့တိုင်ပင်ပြီးညှိနှိုင်းပြီးမှ ယူတာပါ။ အောင်မြင်မှုတစ်ခုရဖို့ကတော့ ကြိုးစားဖို့လိုပါတယ် ဒါမျိုးတွေရပြီးတော့ ဒီလိုလေးတွေရပြီးတော့ သီချင်းအသစ်တွေ ထပ်ပြီးတော့ လုပ်သွားအုန်းမှာပါ။

အနောက်ပိုင်းမှာ အသားတွေဖြူလာတာနဲ့ ပတ်သက်ပြီးတော့ ခြိမ့်ကေကိုက “ဟုတ်ကဲ့ အသားကတော့ သူဘာသာသူဖြူတယ်လို့ပဲ ပြောရမှာပေါ့ ကျွန်တော်လည်း ရေပုံမှန်ချိုး အဲ့လိုလေးနေလို့ဖွေးလာတာပေါ့။”လို့ ပြောခဲ့ပါတယ်။ လက်ရှိအချစ်အခြေအနေ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း “လက်ရှိအချိန်ထိတော့ ကျွန်တော်ရည်းစားမထားသေးပါဘူးနော်။ အချစ်အကြောင်းတွေကို သိပ်ပြီးတော့ စိတ်မဝင်စားသေးပါဘူး။ ကျွန်တော့်အသက်၃၀ကျော်လောက်ဆိုရင်တော့ အဲ့တာတွေလုပ်ဖြစ်မယ်ထင်တယ်။ အခုလောလောဆယ်တော့ ဒါတွေကို စိတ်မဝင်စားသေးပါဘူး။ ရည်းစားအကြောင်းကို သိပ်စိတ်မဝင်စားသေးပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အိမ်ထောင်ဖက်က မယားတောသူဆိုတဲ့ စကားပုံထဲကလို့ ဖြစ်မှာလားလို့ မေးမြန်းခဲ့ရာ ခြိမ့်ကေကိုက”ဒါကတော့ ပြောရမယ်ဆိုရင် မြို့ရယ်တောရယ်လို့တော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ တကယ်ချစ်တယ် တကယ်ဖူးစာဖြစ်တယ် သူကလည်း ကိုယ့်အပေါ်သစ္စာရှိတယ်။ အဓိကသစ္စာတရားနဲ့ အိမ်ထောင်တစ်ခုဆိုတာ တည်ဆောက်ရတာ သစ္စာမရှိဘဲ အိမ်ထောင်တစ်ခု တည်ဆောက်လို့မရဘူး။ အဲ့တာကြောင့်ကိုယ်ကလည်း တကယ်ချစ်တဲ့သူဆိုရင် ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်ကျွန်တော်ချစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

အဆိုတော်နဲ့ သရုပ်ဆောင်ဘယ်အရာကို ပိုအားသန်လဲလို့ မေးမြန်းရာ “ဟုတ်ကဲ့ သရုပ်ဆောင်ဘက်တော့ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်သွားမှာ။ သီချင်းလေးတွေလည်း ကြားထဲကနေ ဖောက်ဖောက်ပြီးတော့ တင်မှာပါ။ သရုပ်ဆောင်ဘက်လည်း ကျွန်တော်ကြိုးစားတယ် အဆိုတော်ဘက်လည်း ကျွန်တော်ကြိုးစားတယ်။ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကျွန်တော့်ကို ကျွန်တော်ယုံကြည်မှုရှိပါတယ်။ ဒါကျွန်တော်ရဲ့ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ စိတ်ထားဖို့က အဓိကပါ။

မဖြစ်ဘူးဆိုတာမရှိဘူးဆိုတဲ့ စိတ်သာထား မဖြစ်နိုင်တာမရှိပါဘူး။ ကျွန်တော်ကတော့ ၂ခုလုံးကို ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်သွားနေပါတယ်။ ၂ခုလုံးက သူ့အခက်အခဲနဲ့သူတော့ရှိတယ်။ ဘယ်အရာမှတော့ လွယ်လွယ်ကူကူနဲ့ မဖြစ်ဘူး ကိုယ်မှမဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကထဲ တက်ဖို့ဆိုတာ အစကနေအအပေါ်အထိ ရောက်ဖို့ဆိုတာ အဲ့တာကြောင့် ကျွန်တော်လည်း လိပ်လို့ပဲ ဖြေးဖြေးချင်း စီတက်နေတယ်။ ကျွန်တော်လည်း သရုပ်တောင်တဲ့ ဘက်ရော သီချင်းဆိုတဲ့ဘက်ရော ဖြေးဖြေးချင်းတက်နေပါတယ်။”လို့ ဖြေဆိုသွားခဲ့ပါတယ်။